လားရှိုး ဇူလိုင် ၂၃
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ကော်ဖီနှင့်အအေးအမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၁ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က အမှာစကားပြောကြားပြီး၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းအား ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြ ၃ ဦးဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းသား ၈ ဦး၊ သင်တန်းသူ ၃၂ ဦး၊ စုစုပေါင်း ၄၀ ဦးတက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)