မင်းတုန်း ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်မှ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုပွဲအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏စီစဉ်မှုဖြင့် ယမန်နေ့နံနက် ၉ နာရီက အောင်ဆန်းခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီလွင်၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းက အမှာစကားပြောကြားပြီး ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော (၆)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၁၄)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၂၇)ဦး စုစုပေါင်း(၅၄)ဦးကို တစ်ဘာသာ(၁)သိန်းနှုန်းဖြင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ချင်းကလေး(NRDC)