သတင်းများ

ကသာမြို့မှ မီးဘေးသင့်အိမ်ထောင်စု ၆ စုအား ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့
Mar 17,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ရှိ မီးဘေးသင့်အိမ်ထောင်စု ၆ စုအတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းရှူးတွင်မြို့နယ် အဆင့်ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 17,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်သော မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မိုင်းယောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်
Mar 17,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က နားဖန်းကျေးရွာရှိ ဝမ်ဘိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကသာမြို့၌ မီးလောင်မှုဖြစ်ပွား
Mar 17,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ မြောက်ပိုင်းရပ်ကွက် အောင်သပြေလမ်းတွင် ယမန်နေ့ ညနေ (၄) နာရီခွဲအချိန်ခန့်က နံကပ်တစ်ထပ်ဂိုထောင်၌ ပေါ့ဆမီးကြောင့် မီးစတင်လောင်ကျွမ်းကာ လူနေအိမ် (၆) လုံး မီးလောင်ခဲ့ကြောင်း သိရသည်။
ပူတာအိုမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 17,2024
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာသတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ ညနေ (၃) နာရီက ပူတာအိုလေဆိပ်၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ပွဲနှင့် ပဒေသာကပွဲကျင်းပ
Mar 17,2024
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ စီစဉ်ကျင်းပသော ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း အချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၅) မူလတန်းကြိုကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးများအား လက်ဝယ်အရောက် လိုက်လံထောက်ပံ့
Mar 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) ပထမထပ်တိုးလနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အကျိုးခံစားခွင့်ရှိသူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ပေါင်းတည်၌ ယဉ်ကျေးမှုနှင့်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 17,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီက နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးမှုနှင့်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို မင်းကွက် (၂) ရပ်ကွက်၊ ၁၅လမ်း ပေါ်တော်မူဓမ္မာရုံကျောင်း၌ ကျင်းပပြုလုပ်သည်။