သတင်းများ

ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော် (၁၁၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ ကျင်းပ
Mar 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော် (၁၁၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို ၁၃၈၅-ခုနှစ် တပေါင်းလဆန်း(၇)ရက် ၂၀၂၄-ခုနှစ် ယမန်နေ့နံနက် (၈)နာရီ(၁၀)မိနစ်အချိန်က အနောက်ပိုင်းရပ်ကွက် ရေလယ်ဘုရားလမ်း ကျောက်တန်းမြို့ဘက်ကမ်းရှိ ကျိုက်မှော်ဝန်းရေလယ်စေတီတော်မုဒ်ဦးတွင် ကျင်းပခဲ့သည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ ယွန်းပညာကောလိပ် (ပုဂံ) တွင် လျှောက်ထားနိုင်
Mar 17,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ ယွန်းပညာကောလိပ် (ပုဂံ) တွင် တက်ရောက်လျှောက်ထားနိုင်ရန်အတွက် အသိပညာ‌ပေးလက်ကမ်းစာစောင်နှင့် မြေစိုက်ဘုတ်စိုက်ထူခြင်းကို ယမန်နေ့မွန်းတည့် (၁၂) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
တံတားဦးမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Mar 17,2024
တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တံတားဦးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ဟံသာဝတီကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ကြကြောင်းသိရသည်။
ဟင်္သာတမြို့နယ်တွင် စစ်မှုထမ်းဥပဒေအကြောင်း ရှင်းလင်းဆွေးနွေး၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၌ ယနေ့နံနက် ၁၀ နာရီအချိန်က ဒူးယားမြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်စွာထွန်းနှင့် အဖွဲ့ဝင် (၂) ဦးမြင့်သိန်းတို့ ဦးဆောင်၍ ဒူးယားမြို့ ဒူယားတိုက်နယ်နှင့် အင်းဓဝယ်တိုက်နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်ချူပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့သည်။
ပုဇွန်တောင်မြို့နယ်၌ (၉၂)ကြိမ်မြောက် ရန်ကုန်တိုင်းဒေသလုံးကြီးဆိုင်ရာ ဘုရားဖြူဝိနည်းစာတော်ပြန်ပွဲ စာအောင်ဆုနှင့် ဆုနှင်းသဘင်ကျင်းပ
Mar 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ရန်ကုန်တိုင်းဒေသလုံးကြီးဆိုင်ရာ ဝိနယာနုဂ္ဂဟအသင်း၏ (၉၂)ကြိမ်မြောက် ဘုရားဖြူဝိနည်းစာတော်ပြန်ပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ ဘုရားဖြူကျောင်းတိုက်ရှိ သံဃသမိတိကျောင်းတိုက်၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ကလောမြို့နယ်၌ မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲကျင်းပ
Mar 17,2024
မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက်တဲ့အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ရာမှာလည်း သန္ဓေတပ်ဖွဲ့ဝင်များနဲ့အတူ ပူးပေါင်း၍ နည်းစနစ်မှန်မှန်အချိတ်အဆက်မိမိ ကျွမ်းကျင်စွာ ပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲက ဟိုတယ်အောင်ပန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (community centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ရှိ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် ဗဟုသုတများရရှိစေရန် ရည်ရွယ်ကာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ လစဥ်မပြတ် ကျောင်းအခြေပြု လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကျင်းပလျက်ရှိရာယနေ့နေ့လယ် ၁ နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံး (community centre) ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်ကာလတွင် ဖွင့်လှစ်သည့် (အခမဲ့) သင်တန်း တက်ရောက်သည့် ကျောင်းသားလူငယ်များနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
နမ့်စန်မြို့နယ်တွင် မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲကျင်းပ
Mar 17,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်သော မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။