မိုင်းယောင်း မတ် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က နားဖန်းကျေးရွာရှိ ဝမ်ဘိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ၊ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ၊ ယခုကာလသည် ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေ၊နည်းဥပဒေများနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ချမှတ်ခြင်းမရှိသေးသည့်အတွက် တရားမဝင်မီဒီယာများ၏ ကောလာဟလလုပ်ကြံသတင်းများကြောင့် စိုးရိမ်ကြောင့်ကြမှု မလိုကြောင်းတို့ကို ပါမုန်ကျေးရွာ၊ ဝမ်ဘိုးကျေးရွာ၊ ဖကျောက်ကျေးရွာ၊ နားဖန်းကျေးရွာ၊ ဝမ်တွီကျေးရွာ၊ လော့ဟန်ကျေးရွာ၊ ယန်းမွန်းကျေးရွာ၊ ယန်းလဲကျေးရွာ၊ ဝမ်ပုံကျေးရွာနှင့် ယမ်းမကျေးရွာတို့မှ ပြည်သူများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များသည် ဝမ်ဘိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းသောင်းငွေနှင့် ပါမုန်ကျေးရွာ၊ ဝမ်ဘိုးကျေးရွာ၊ ဖကျောက်ကျေးရွာ၊ နားဖန်းကျေးရွာ၊ ဝမ်တွီကျေးရွာ၊ လော့ဟန်ကျေးရွာ၊ ယန်းမွန်းကျေးရွာ၊ ယန်းလဲကျေးရွာ၊ ဝမ်ပုံကျေးရွာ၊ ယမ်းမကျေးရွာတို့မှ ကျေးရွာတာဝန်ခံတို့နှင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)