မိုင်းရှူးတွင်မြို့နယ် အဆင့်ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မိုင်းရှူး မတ် ၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်သော မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်က သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဇင်ဖြိုးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။

အဆိုပါသင်တန်းကို မတ်လ ၄ ရက်မှ မတ်လ ၁၇ ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့၏ အခန်းကဏ္ဍ၊ မီးဘေးအန္တရာယ်အပါအဝင် ဖြစ်ပွားတတ်သောဘေး အန္တရာယ်များအကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ် ငန်းများနှင့်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုပုံနှင့် ရှေးဦးသူနာပြုစုခြင်း စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပို့ချ ခဲ့ပြီးမြို့နယ်အတွင်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းနှင့် လူမှုကူညီအသင်းမှ အသင်းသားများ စုစုပေါင်း ၆၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)