သတင်းများ

တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်
Mar 18,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိရာ တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ယနေ့မွန်းလွဲ ၃ နာရီက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
၂၀၂၄ ခုနှစ် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့နယ် ရိုးဂိုးအုပ်စု၊ သာမညစင်္ကြာတောင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
Mar 17,2024
၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာအုပ်စု၊ သာမညစင်္ကြာတောင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယ​နေ့နံနက်ပိုင်းက ​မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုသိမ်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်
Mar 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နေ့လယ်ပိုင်းက မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးအားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေးတံဆိပ်ဆုများနှင့် အကောင်းဆုံးကစားသမားဆုရ ပြည်နယ်လက်ရွေးစင် ဝူရှူးအသင်းအား ဂုဏ်ပြု
Mar 17,2024
၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးပြိုင်ပွဲသို့ ကချင်ပြည်နယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်နယ်လက်ရွေးစင် ဝူရှူးအသင်းအနေဖြင့် ရွှေတံဆိပ် (၄)ခု၊ ငွေတံဆိပ် (၅)ခု၊ ကြေးတံဆိပ် (၂) ခုနှင့် ထောက်လုအကောင်းဆုံးအမျိုးသားအားကစားသမားဆုရရှိခဲ့ရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
မြဝတီမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်း ၃၄ မျိုး ထောက်ပံ့ပေးအပ်
Mar 17,2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ယာယီစုရပ်စခန်းသုံးခုဖြစ်သည့် အမှတ် ၃ ရပ်ကွက်ဓမ္မံရန်အောင်ကျောင်းတိုက်၊ အမှတ် ၄ ရပ်ကွက်မဟာစည်ကျောင်းတိုက်နှင့် အမှတ် ၅ ရပ်ကွက် စနေဆွမ်းလောင်ဓမ္မာရုံတို့၌ ဆောင်ရွက်ခဲ့ကြသည်။
ကျောင်းကုန်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ကွင်းဆင်းဆွေးနွေး
Mar 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကျုံဖားရိုးအုပ်စု၊ သံဒင်းအိုင်ကျေးရွာ နိဗ္ဗန္ဒကမဌာန်းကျောင်း၌ ယနေ့နေ့လယ် ၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
မြန်အောင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြော၊ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောခြင်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းပိတ်ရက် အခြေခံအင်္ဂလိပ်ဘာသာစကား(အခမဲ့) သင်တန်း ဖွင့်လှစ်
Mar 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်ဘာသာစကား(အခမဲ့)သင်တန်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ရန်ကုန်မြောက်ပိုင်း ခရိုင်(အင်းစိန်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ဖွင့်လှစ်သည်။