သတင်းများ

မြဝတီမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်း ၃၄ မျိုး ထောက်ပံ့ပေးအပ်
Mar 17,2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ယာယီစုရပ်စခန်းသုံးခုဖြစ်သည့် အမှတ် ၃ ရပ်ကွက်ဓမ္မံရန်အောင်ကျောင်းတိုက်၊ အမှတ် ၄ ရပ်ကွက်မဟာစည်ကျောင်းတိုက်နှင့် အမှတ် ၅ ရပ်ကွက် စနေဆွမ်းလောင်ဓမ္မာရုံတို့၌ ဆောင်ရွက်ခဲ့ကြသည်။
ကျောင်းကုန်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ကွင်းဆင်းဆွေးနွေး
Mar 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကျုံဖားရိုးအုပ်စု၊ သံဒင်းအိုင်ကျေးရွာ နိဗ္ဗန္ဒကမဌာန်းကျောင်း၌ ယနေ့နေ့လယ် ၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
မြန်အောင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြော၊ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောခြင်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းပိတ်ရက် အခြေခံအင်္ဂလိပ်ဘာသာစကား(အခမဲ့) သင်တန်း ဖွင့်လှစ်
Mar 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်ဘာသာစကား(အခမဲ့)သင်တန်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ရန်ကုန်မြောက်ပိုင်း ခရိုင်(အင်းစိန်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ဖွင့်လှစ်သည်။
ကျောက်တန်းမြို့နယ်၊ ရှမ်းချောင်းကျေးရွာ၌ မြစိမ်းရောင် (ငါးကဏ္ဏ)မှ ၀န်ထမ်းအိမ်ရာ ၂ ခန်းတွဲ (RC) ပေးအပ်လွှဲပြောင်းပေးခြင်း အခမ်းအနား
Mar 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရှမ်းချောင်းကျေးရွာ၌ မြစိမ်းရောင် (ငါးကဏ္ဏ) မှ ၀န်ထမ်းအိမ်ရာ ၂ ခန်းတွဲ (RC) ပေးအပ်လွှဲပြောင်းပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရှမ်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့တွင် ကြက်ခြေနီအခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၁/၂ဝ၂၄) ဖွင့်ပွဲ ကျင်းပ
Mar 17,2024
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ကြက်ခြေနီအခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၁/၂ဝ၂၄) ဖွင့်ပွဲအခမ်းအနားကို ကျောက်တန်းမြို့ အခြေခံပညာအလယ်တန်းကျောင်း မြို့မ (အ-လ-က) ရှိ ရွှေသံလွင်ခန်းမတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား နှစ်သစ်အကြို အသက်(၂၁)နှစ်အောက် နွေရာသီအမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Mar 17,2024
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့၌ ယနေ့နံနက်(၇)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား နှစ်သစ်အကြို အသက်(၂၁)နှစ်အောက် နွေရာသီအမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျောက်တန်းမြို့စံချိန်မီရပ်ကွက် ဘောလုံးကစားကွင်း၌ ကျင်းပခဲ့သည်၊၊
ခရမ်းမြို့ သကျမာရဇိန်သွန်းဘုရားကြီး၏ နှစ် (၁၀၀) ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲကျင်းပ
Mar 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့တွင် ရှေးနှစ်ပေါင်းများစွာက တည်ထားကိုးကွယ်ခဲ့သည့် သကျမာရိဇိန်ကြေးသွန်းဘုရားကြီး၏ နှစ် (၁၀၀) ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဘုရားကြီး၏ မုတ်ဦးရှေ့တွင် ကျင်းပခဲ့သည်။