သဲကုန်းမြို့နယ်၌ ကုန်စုံဆိုင်များတွင်တရားမဝင် ကော်ဖီမစ်များ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး
Mar 18,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ ဦးထင်ဇော်ထွန်းနှင့် ဝန်ထမ်းများက နိုင်ငံအတွင်းနေထိုင်ကြသော ပြည်သူများ၏ နေ့စဥ်စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်က ဈေးကွက်အတွင်း ရောင်းချနေသည့် စားသောက်ကုန်များအနက် တရားမဝင်ကော်ဖီမစ်နှင့် တီးမစ်များ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။