ကျောင်းကုန်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ကွင်းဆင်းဆွေးနွေး

ကျောင်းကုန်း မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကျုံဖားရိုးအုပ်စု၊ သံဒင်းအိုင်ကျေးရွာ နိဗ္ဗန္ဒကမဌာန်းကျောင်း၌ ယနေ့နေ့လယ် ၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းမှာဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းခြင်းဥပဒေကို ဒီမိုကရေစီစနစ် စတင်ကျင့်သုံးကထဲက ပြဋ္ဌာန်းထားပါကြောင်း၊ ၂၀၂၄ ခုနှစ်မှ အတည်ပြုလိုက်ခြင်း‌ဖြစ်ကြောင်း၊ မိမိတို့ကျေးရွာရှိ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း အမျိုးသားများ အကျုံးဝင်ပါကြောင်း၊ စစ်မှုထမ်းရန် ဆန္ဒပြု/မပြု ဖြည့်သွင်းရမှာဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူး နေဝင်းနောင် က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ online မှာ သတင်းမှားများ ပျံ့နှံ့နေကြောင်း၊ ဥပဒေအရ စစ်မှုထမ်းရန် သတ်မှတ်ကာလ၊ အကျုံးဝင်သူများ၊ ကင်းလွတ်ခွင့်ရရှိသူများကိုလည်း ဥပဒေထဲတွင် ပြဋ္ဌာန်းထားပါကြောင်း၊ အကျုံးဝင်သူတွေကို မှတ်ပုံတင်ထားမည်ဖြစ်ကြောင်း၊ ချက်ခြင်းလက်ငင်း အကျုံးဝင်သူအားလုံး ခေါ်ယူမည်မဟုတ်ပါကြောင်း၊ online ပေါ်မှာ လှုံ့ဆော်နေသကဲ့သို့ စိုးရိမ်ခြင်းမရှိကြရန် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကော်မတီအဖွဲ့ဝင် ရဲမှူး အောင်နိုင်ဦးက လူမှုကွန်ယက်က လှုံ့ဆော်နေမှုတွေကို မယုံကြည်ကြဖို့၊ နိုင်ငံတော်အတွင်းမှာရှိတဲ့ တိုင်းရင်းသားအားလုံး ပြည်သူ့စစ်မှုထမ်းရန်တာဝန်ရှိကြောင်း၊ နိုင်ငံတော်ကို ကာကွယ်ရန် နိုင်ငံသားတိုင်းမှာ တာဝန်ရှိကြောင်း၊ လိုအပ်ချက်အပေါ်မှာ ခေါ်ယူသွားမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း‌ဖြေကြားခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)