မြဝတီ မတ် ၁၇
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ယာယီစုရပ်စခန်းသုံးခုဖြစ်သည့် အမှတ် ၃ ရပ်ကွက်ဓမ္မံရန်အောင်ကျောင်းတိုက်၊ အမှတ် ၄ ရပ်ကွက်မဟာစည်ကျောင်းတိုက်နှင့် အမှတ် ၅ ရပ်ကွက် စနေဆွမ်းလောင်ဓမ္မာရုံတို့၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစုရပ်များရှိ ပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှူးဆောင်အရာရှိ ဦးကျော်ကျော်ဦးနှင့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစည်လှိုင်တို့က အိမ်ထောင်စုတစ်စုချင်းအလိုက် သား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်နှင့် အခြေခံစားသောက်ကုန်ပစ္စည်း စုစုပေါင်း ၃၄ မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း (ပြန်/ဆက်)