ကျောက်တန်းမြို့နယ်၊ ရှမ်းချောင်းကျေးရွာ၌ မြစိမ်းရောင် (ငါးကဏ္ဏ)မှ ၀န်ထမ်းအိမ်ရာ ၂ ခန်းတွဲ (RC) ပေးအပ်လွှဲပြောင်းပေးခြင်း အခမ်းအနား

ကျောက်တန်း မတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရှမ်းချောင်းကျေးရွာ၌ မြစိမ်းရောင် (ငါးကဏ္ဏ) မှ ၀န်ထမ်းအိမ်ရာ ၂ ခန်းတွဲ (RC) ပေးအပ်လွှဲပြောင်းပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရှမ်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားကို ကျောက်တန်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခင်၀င်းနှင့် ၀န်ထမ်းများ၊ ရှမ်းချောင်းမြို့နယ်၊ မြစိမ်းရောင် (ငါးကဏ္ဏ) ကော်မတီအဖွဲ့တာ၀န်ရှိသူများက အခြေခံပညာအထက်တန်းကျောင်း (ခွဲ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဟေမာန်ထွန်းနှင့် ကျောင်းကော်မတီ၀င်များထံသို့ ဆောက်လုပ်ပြီးစီးခဲ့သည့် ၀န်ထမ်းအိမ်ရာနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

နေလင်းကျော် (ပြန်ဆက်)