ကျောက်တန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား နှစ်သစ်အကြို အသက်(၂၁)နှစ်အောက် နွေရာသီအမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ကျောက်တန်း မတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့၌ ယနေ့နံနက်(၇)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား နှစ်သစ်အကြို အသက်(၂၁)နှစ်အောက် နွေရာသီအမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျောက်တန်းမြို့စံချိန်မီရပ်ကွက် ဘောလုံးကစားကွင်း၌ ကျင်းပခဲ့သည်၊၊

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား နှစ်သစ်အကြိုအသက်(၂၁)နှစ်အောက် နွေရာသီအမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်မှ အဖွင့်အမှာစကားပြောကြားပြီး အသက်(၂၁)နှစ်အောက် နွေရာသီအမျိုးသားဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်သန်းထွန်းက ပြိုင်ပွဲဝင်အသင်းများကို ပြိုင်ပွဲစည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်၊၊

ယနေ့ယှဉ်ပြိုင်ကစားမည့် ရွှေပြည်သာယာ FC အသင်းနှင့် မြတ် FC အသင်းမှ ဘောလုံးအားကစားသမားများ ယှဥ်ပြိုင်စကားကြရန်အတွက် ဘောလုံးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယကမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်မှ ဘောလုံးကန်၍ ကွင်းဖွင့်လှစ်ပေးခဲ့သည်၊၊

ထိုနောက် ရွှေပြည်သာယာ FC အသင်းနှင့်နှင့် မြတ် FC အသင်း ဘောလုံးအားကစားသမားများ ယှဥ်ပြိုင်ကစားကြရာ မြတ် FC အသင်းမှ ရွှေပြည်သာယာ FC အသင်းကို ခြောက်ဂိုး ဂိုးမရှိ(၆:၀)ဖြင့် အနိုင်ရရှိခဲ့သည်၊ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင် စီမံအဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်သန်းထွန်း တပ်မတော်(ရေ) နယ်မြေလုံခြုံရေးတပ်မှ ဗိုလ်မှူးလွင်ကိုလတ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် အဖွဲ့ဖိတ်ကြားထားသော ဌာနဆိုင်ရာများ ပြိုင်ပွဲဝင်အသင်းများ နည်းပြအုပ်ချုပ်သူများ ဘောပွဲကြည့်ပရိတ်သတ်များ တက်ရောက်ခဲ့ပြီး ကျောင်းသူလေးများမှ ပန်းမွှားအကများဖြင့် ကပြလျက် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့​သည်၊၊

အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားနှစ်သစ်အကြို အသက်(၂၁)နှစ်အောက် နွေရာသီအမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအား ကျောက်တန်းမြို့နယ် ရပ်ကွက်/ကျေးရွာအသီးသီးမှ ပြိုင်ပွဲဝင်အသင်း(၁၉)သင်းမှ ပါဝင်ယှဥ်ပြိုင်ကစားကြမည်ဖြစ်ရာ ယနေ့မတ်လ ၁၇ ရက်နေ့မှစ ဧပြီလ ၁၁ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်၊၊

နေလင်းကျော် (ပြန်/ဆက်)