ကျုံပျော်တွင် တိုင်းရင်းဆေးဝါးဖြင့် အခမဲ့ကွင်းဆင်း ကုသခြင်းများ ဆောင်ရွက်။
Mar 18,2024
ပြည်သူများ အနာရောဂါ ကင်းရှင်း၍ ကျန်းမာရေး ပိုမိုကောင်းမွန်စေရန်၊ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံ ဆေးခန်း သွားရောက်ပြသရန် ခက်ခဲသူများအတွက် အထောက်အကူဖြစ်စေရန်အတွက် တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ကွင်းဆင်းကုသခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မြဝတီရပ်ကွက်၊ မဏိရတနာရာမ ကျောင်းတိုက်၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။