သတင်းများ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၉) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့သစ်မြို့နယ်၊ ကိုရံတောင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၊ တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား တက်ရောက်
Mar 18,2024
(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ကိုရံတောင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၊ တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါကျောင်းဝင်းတွင် ကျင်းပသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သာပေါင်းမြို့နယ်၌ SuperSun-41 ဆောင်းနေကြာစံပြ (၁၀)ဧက စံကွက်ရိတ်သိမ်းပွဲ တတ်ရောက်ကြည့်ရှုအားပေး
Mar 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ မတ်လ ၁၇ ရက်နေ့၊ နံနက် ၈ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ သဲဖြူကျေးရွာအုပ်စု၊ သန်လျက်စွန်းကျေးရွာ၊ ရိုးပြတ်ကျန်လယ်မြေ(၁၀)ဧကပေါ်တွင် စိုက်ပျိုးထားရှိသည့် (SuperSun-41) ဆောင်းနေကြာ (၁၀)ဧက စံကွက်ရိတ်သိမ်းပွဲ တတ်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ရပ်စောက်တွင် ၂၀၂၄ ခုနှစ် မြို့နယ်အဆင့် အခြေပြုကျောင်း ကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆွေးနွေးပွဲပြုလုပ်
Mar 18,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ် မြို့နယ်အဆင့်အခြေပြု ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၅ဝ)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာအရောင်းပြခန်းများ၊ မွန်ရိုးရာ အဆို၊ အက၊ အတီးပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနား တက်ရောက်
Mar 18,2024
နှစ်(၅ဝ)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာအရောင်းပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ သမိန်ဗရမ်းဘက်စုံသုံးကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်အဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ နောင်ဘိုကန်သာယာလှပ‌စေရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးဖြစ်၍ ဒေသခံပြည်သူများလာရောက်အပန်းဖြေယူနိုင်
Mar 18,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ဖြည့်စွက်ရန်ပုံငွေ (၁၉.၅၀) သန်းဖြင့် ဆောင်ရွက်သည့် နောင်ဘိုကန်သာယာလှပ‌စေရေး မြက်စိုက်ခြင်း၊ ပန်းအလှပင်များစိုက်ပျိုးခြင်း၊ အလှမီးတိုင်စိုက်ထူခြင်းနှင့် ထိုင်ခုံများပြုလုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ အမှိုက်စနစ်တကျစွန့်ပစ်ရေးနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအတွက် အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 18,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ အမှိုက်စနစ်တကျ စွန့်ပစ်ရေးနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ ဈေးများအတွင်း မီးဘေးအန္တရာယ် ကင်းဝေးစေရေး ကြိုတင်ဆောင်ရွက်ထားရှိမှုများ လိုက်လံစစ်ဆေးခြင်းနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်
Mar 18,2024
ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်ရန်အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပေးနှိုးဆော်မှုများကို ဆောင်ရွက်းပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ မုံရွာမြို့နယ်၌ ယနေ့မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ ချင်းတွင်းရတနာ၊ မြသလ္လာ၊ သီရိရတနာ ဈေး ၃ ဈေးသို့ ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ   မီးငြှိမ်းသတ်ယာဉ်ဖြင့် ရောက်ရှိပြီး အဆိုပါဈေးများအတွင်းအပြင် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဈေးတာဝန်ခံများအား လျှပ်စစ်မီးအန္တရာယ် ကင်းဝေးစေရေး၊ ရေရရှိရေး၊ D.C.P မီးသတ်ဆေးဘူးများကို သတ်မှတ်ချက်များနှင့်အညီ ထားရှိစေရေး၊ ဈေးသူ/သားများ မီးကိုစနစ်တကျ သုံးစွဲစေရေး၊ Automatic Sprinkler System တပ်ဆင်ထားရှိရန် မှာကြားခဲ့သည်။
ခိုလမ်မြို့တွင် တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းနှင့် ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 18,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့တွင် သစ်တောဦးစီးဌာနမှ တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းနှင့် ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီခွဲအချိန်က  တုန်ဟုန်းကျေးရွာအုပ်စု၊ မတ်လန်းကျေးရွာ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ကျင်းပခဲ့​ပါသည်။