နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲ ကျင်းပ

နတ်မောက် မတ် ၁၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲအား မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝင်းမေထွန်း (စာထောက်၃) က  နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်များတွင် လူငယ်များ စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အနာဂတ်တွင် အသိပညာဗဟုသုကြွယ်ဝသည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် လူငယ်/လူရွယ်များ အာရုံစူးစမ်းလေ့လာမှုနှင့် ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ မြန်မာစာလုံးပေါင်းသတ်ပုံ အမှန်များ ပိုမိုလေ့လာနိုင်စေရန်နှင့် အလေ့အကျင့်ကောင်းမှ အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်

ထို့နောက် ပြိုင်ပွဲဝင် လူငယ်လူရွယ်များက မြန်မာစာ/ မြန်မာစကားစာအုပ်မှ ထုတ်နုတ်ထားသည့် စာလုံးပေါင်း သတ်ပုံအမှန်ရွေး ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြသည်။

လှဝင်း