ကျွန်းလှမြို့နယ်၌ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး

ကျွန်းလှ မတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနကကြီးမှူးပြီး နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်စေရန်၊ ဗလငါးတန်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်စေရန်ရည်ရွယ်၍ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

သင်တန်းတွင် ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ အေရိုးဗစ်၊ Myanmar Fitness Dance အားကစားနည်းခြောက်မျိုးကို အခြေခံမှစပြီး သက်ဆိုင်ရာနည်းပြများဖြင့် စနစ်တကျသင်ကြားပေးလျက်ရှိကြောင်း မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းက ပြောသည်။

အဆိုပါ သင်တန်းများကို မတ် (၇) ရက်မှ (၃၁) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ရွှေကျွန်းမြေ ဘောလုံးကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမ၌ နေ့စဉ် ညနေ ၃ နာရီမှ ၅ နာရီခွဲထိ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)