သတင်းများ

မိုင်းစံမြို့တွင် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 19,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အကြောင်းအရာများကို ကောင်းစွာသိရှိပြီး သတင်းအမှန်များ သိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဒေသနေပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး ရှင်းလင်းဟောပြော ဆွေးနွေး
Mar 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ နားလည်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ တောင်ညိုဂန္ဓာရုံ ကျောင်းတိုက်၊ ဓမ္မရက္ခိတ ကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ ဆောင်းမြေပဲ ဧက ၁၄၀၀၀ ကျော် နုတ်ယူပြီးစီး
Mar 19,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ ၌ စိုက်ပျိုးသော မြေပဲဧက ၁၄၀၀၀ ကျော်နုတ်ယူပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ကျွန်းလှမြို့နယ်တွင် ယခုနှစ်‌ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲစိုက်ပျိုးရန် (၁၃၈၉၆) ဧက လျာထားပြီး (၁၄၂၃၆) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုအခါ စိုက်ဧကအားလုံး နုတ်ယူပြီး တစ်ဧက ၇၅ ဒသမ ၂၅ တင်းထွက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ပြည်သူ့စစ်မှုထမ်း ဥပဒနှင့်ပတ်သက်၍ ပြည်သူများအား တွေ့ဆုံဆွေးနွေး
Mar 19,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်ဦးစီး ဗိုလ်မှူးကြီး စိုးစိုင်အောင်နှင့် တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများအား ပြည်သူ့စစ်မှုထမ်းဥပဒနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို မတ်လ(၁၇)ရက်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
နတ်တလင်းမြို့၌ ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 19,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်သူနှင့်ဝန်ထမ်းများမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။
ပျော်ဘွယ်မြို့နယ်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Mar 19,2024
ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉)နှစ်မြောက်တပ်မတော်အနေ့ အထိမ်း အမှတ် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို မတ်လ(၁၈)ရက်၊ နံနက်(၉)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
လှည်းကူးမြို့နယ်တွင် ဥပ္ပါတသန္တိသုတ်ဒေ သနာတော်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Mar 19,2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြကုန်သော ရဟန်း၊ ရှင်၊ လူပြည်သူအများ အန္တရာယ်ကင်းပျောက်ချမ်းသာရောက်၍ ကောင်းကျိုးမင်္ဂလာအဖြာဖြာ ပြည့်စုံပြီး နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မဟာအတုလသကျမာန်အောင်ဆုတောင်းပြည့် ငါးထပ်ကြီးမြတ်စွာဘုရားတွင် ဥပ္ပါတသန္တိသုတ်တော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
မိုင်းယုမြို့၌ မီးခိုးမြူငွေ့ကင်းစင်ရေးအတွက် တောမီးမရှို့ရေး အသိပညာပေးဗီနိုင်းများ စိုက်ထူ
Mar 19,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ မိုင်းယုမြို့နှင့် ကျေးရွာအုပ်စုများတွင် မီးခိုးမြူငွေ့ကင်းစင်ရေးအတွက် ပြည်သူများအနေဖြင့် အကြောင်းမဲ့ တောမီးများမရှို့စေရေးအတွက် အသိပညာပေး ဗီနှိုင်းများကို ရပ်ကွက်နှင့်ကျေးရွာများ၌ ပြည်သူများ သိသာမြင်သာသည့်နေရာများတွင် သစ်တောဦးစီးဌာနက စိုက်ထူအသိပညာပေးထားကြောင်း သိရသည်။