ရေကြည် မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ရေကြည်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီ အခြေခံအားက စားသင်တန်းများကို မြို့နယ်အားကစားရုံ၌ မတ်လ (၅) ရက်နေ့မှ ဧပြီလ (၃) ရက်နေ့အထိ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင်၊ ဘောလုံး၊ ကြက်တောင်၊ ဘတ်စကစ်ဘော၊ ကရာတေး၊ အလေးမ၊ အေရိုးဗစ်၊ စားပွဲတင်တင်းနစ်စသည့် အားကစားသင်တန်းများကို သင်ကြားပို့ချပေးခြင်းဖြစ်ပြီး သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် ကျောင်းသားကျောင်းသူ၊ လူငယ်လူရွယ်များ အားကစားအပေါ် စိတ်ဝင်စားလာစေရန်၊ အားကစားနည်းများအား အခြေခံနည်းစနစ်တကျ တတ်မြောက်စေရန် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)