မရမ်းကုန်းမြို့နယ် စာရေးဆရာအသင်း ၂၀၂၃ခုနှစ်၊ နှစ်ပတ်လည်လုပ်ငန်းဆိုင်ရာ အစည်းအဝေးကျင်းပ

မရမ်းကုန်း မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်စာရေးဆရာအသင်း (၂၀၂၃) ခုနှစ်၊ နှစ်ပတ် လည်လုပ်ငန်းဆိုင်ရာ အစည်းအဝေးကို မရမ်းကုန်းမြို့နယ် စာရေးဆရာအသင်း ရည်ညွှန်းစာကြည့်တိုက်တွင် မတ်လ(၁၅)ရက်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ သဘာပတိဦးကြည်တင့်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး ဆက်လက်၍ မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)မှ ဒုဥက္ကဋ္ဌ ဆရာမြတ်စိုးလှိုင်က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အမှုဆောင်ကော်မတီ၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို တွဲဖက်အတွင်းရေးမှူး ဆရာမပွင့်စန္ဒီက ဖတ်ကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေး ဒုတိယပိုင်းတွင် လစ်လပ်အမှုဆောင်နေရာများကို အဆိုရှင်များ၏ ဆန္ဒအရ ရွေးချယ်ကြပြီး (၂၀၂၄)ခုနှစ်၊ မရမ်းကုန်းမြို့နယ် စာရေးဆရာအသင်း အလုပ်အမှုဆောင် ၉ ယောက်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်း ရေးမှူး၊ ဘဏ္ဍာရေးမှူးတို့ကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးခြယ်ခဲ့ကြသည်။ ထို့နောက် အသင်းသားနှစ်ဦးအား ကျန်းမာရေး ထောက်ပံ့ငွေများ‌‌ ပေးအပ်ခြင်းအသင်းနှင့် စာကြည့်တိုက်သို့ အလှူငွေ၊ စာကြည့်တိုက်တွင် အသုံးပြုသည့် ဗီဒိုများ လှူဒါန်းသည့် အလှူရှင်များကို  ဂုဏ်ပြုလွှာများ  ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ယဉ်မော်(ပြန်/ဆက်)