သာပေါင်း မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ မတ်လ ၁၇ ရက်နေ့၊ နံနက် ၈ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ သဲဖြူကျေးရွာအုပ်စု၊ သန်လျက်စွန်းကျေးရွာ၊ ရိုးပြတ်ကျန်လယ်မြေ(၁၀)ဧကပေါ်တွင် စိုက်ပျိုးထားရှိသည့် (SuperSun-41) ဆောင်းနေကြာ (၁၀)ဧက စံကွက်ရိတ်သိမ်းပွဲ တတ်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတို့က သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ သန်လျက်စွန်း ကျေးရွာတောင်သူဦးမြင့်စိုး၊ ကွင်းအမှတ်(၆၇၉)၊ ဦးပိုင်(၄/၂)၏ ရိုးပြတ်ကျန် လယ်မြေ(၁၀)ဧကပေါ်တွင် စိုက်ပျိုးထားရှိသည့် စံပြဆောင်းနေကြာ (SuperSun-41) စံကွက်ရိတ်သိမ်းပွဲသို့ တတ်ရောက် ကြည့်ရှုအားပေးကြပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ အပွင့်အရေအတွက် အရွယ်အစားအလိုက် အောင်စေ့ထွက်ရှိမှု၊ နေကြာထွက်ရှိမှုတင်း စနစ်တကျ မှတ်တမ်းတင်ရန်၊ နေကြာဆီကြိတ်ပြီး ထွက်ရှိမှုပိဿာ၊ မျိုးချန်၍ရမည့် ပမာဏ၊ ပျားပုံးထားရှိမှုအပေါ် ထွက်ရှိသည့် ပျားရည်ပိဿာ၊ ပျားသလက်များ စနစ်တကျထားရှိရန်၊ နေကြာရိတ်ပြီး အပင်များအား မြေဆွေးပြုလုပ်ထားရှိရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)