ခိုလမ်မြို့တွင် တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းနှင့် ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ခိုလမ် မတ် ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့တွင် သစ်တောဦးစီးဌာနမှ တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းနှင့် ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီခွဲအချိန်က  တုန်ဟုန်းကျေးရွာအုပ်စု၊ မတ်လန်းကျေးရွာ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ကျင်းပခဲ့​ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် လွိုင်လင်ခရိုင်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်မင်းအောင်မှ တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းများ မပြုလုပ်စေရေး၊ ရေချွေတာသုံးစွဲရေးနှင့် ရွှေ့ပြောင်းတောင်ယာချဲ့ထွင်မှုမပြုရေးစသည့် အကြောင်းအရာများကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ကြရန်တိုက်တွန်းပြောကြားခဲ့ပြီး ပြည်သူများမှ သိရှိလိုသည့်အကြောင်းအရာများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

နေလင်းထွန်း (ပြန်/ဆက်)