သတင်းများ

မင်းလှမြို့၌ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်/စာစောင်ပြပွဲ ကျင်းပ
Sep 16,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်/စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအလယ်တန်းကျောင်း(မြောက်ရပ်ကွက်)၌ ကျင်းပခဲ့သည်။
ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေး ဟောပြော
Sep 16,2025
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ ယနေ့ နံနက် ၈ နာရီအချိန်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ကံမမြို့နယ်၌ အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်
Sep 16,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ နိုင်ငံတော်အဆင့်အခမ်းအနားများ၊ တွေ့ဆုံပွဲအခမ်းအနားများနှင့် ဖွင့်ပွဲအခမ်းအနားများတွင် အခမ်းအနားအစီအစဉ်များ စနစ်တကျရှိစေရန်ရည်ရွယ်၍ အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် (၁၀)နာရီက  မြို့နယ်ခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက် ဧက ၄၈၀ အထိ သိမ်းဆည်းပြီးစီး တစ်ဧကလျှင် ပိဿာချိန် ၃၅၀၀ ကျော် ထွက်ရှိ
Sep 16,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက် ဧက ၄၈၀ အထိ သိမ်းဆည်းပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် ဟင်းသီးဟင်းရွက် ပိဿာချိန် ၃၅၀၀ ကျော်ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ အခွန်ပညာပေး ရှင်းလင်းဆွေးနွေး
Sep 16,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ပုဗ္ဗသီရိမြို့နယ်ရှိ လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်းသည့် အခွန်ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြိတ်မြို့တွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Sep 16,2025
၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြင်းမိုရ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ စက်တင်ဘာ ၁၆ ရက်နံနက် ၉ နာရီခွဲက မြိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့သည်။
မိတ္ထီလာမြို့၌  ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားကျင်းပ
Sep 16,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၁ဝ နာရီက အ-ထ-က(၁) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Sep 16,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ငဖဲမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအကြို အခြေခံပညာအထက်တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ငဖဲမြို့နယ် ပဒါန်းအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။