သနပ်ပင်မြို့နယ်၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်းဖွင့်

သနပ်ပင် မေ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ KG၊ Grade-1 နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အ.ထ.က (သနပ်ပင်) ကျောင်း၊ ဇီဇဝါခန်းမဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးဦး စောဝင်းဌေးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘကကျောင်းများမှ KG၊ Grade-1 သင်ကြားသည့် ဆရာ/ဆရာမ (၁၇၁) ဦးအား တိုင်းနည်းပြသင်တန်းတွင် သင်တန်းတက်ရောက်ခဲ့ကြသည့် နည်းပြဆရာ/ဆရာမ (၈) ဦးမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာများ၊ သင်ရိုးညွှန်းတမ်းများကို ပြန်လည်ဆင့်ပွားသင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းကာလမှာ (၁၄-၅-၂၀၂၆) ရက်နေ့မှ (၂၄-၅-၂၀၂၆) ရက်နေ့ထိဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)