သတင်းများ

ပေါင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် အခြေခံမွေးမြူရေး ပညာပေးသင်းတန်းဖွင့်လှစ်
May 15,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဦးဆောင်၍ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက်ရည်ရွယ်၍ အခြေခံမွေးမြူရေးပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်‌မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် သင်တန်းဖွင့်လှစ်ခဲ့သည်။
မြောင်းမြမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်ပွဲအခမ်းအနားကျင်းပ
May 15,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်ပွဲအခမ်းအနားကို မေလ (၁၄) ရက်နေ့နံနက် (၈း၁၅) နာရီအချိန်က မြရတနာရပ်ကွက်၊ ပြည်ခိုင်ဖြိုးလမ်း၌ ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားများအား ကာကွယ်ဆေးထိုးနှံပေး
May 15,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွားများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ဘုန်းတော်ပြည့်ကျေးရွာအုပ်စု၊ ဘုန်းတော်ပြည့်ကျေးရွာ၌ ပြုလုပ်ခဲ့သည်။
ရေနံချောင်းမြို့နယ် သုံးဆယ့်ခြောက်ကျေးရွာအုပ်စု၌ နွေစပါးသီးနှံစိုက်တောင်သူများ ကွင်းသရုပ်ပြပွဲ ဆောင်ရွက်
May 15,2026
မကွေးတိုင်ဒေသကြီး ရေနံချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်အတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရန်အတွက် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်‌နေ့က သုံးဆယ့်ခြောက်ကျေးရွာအုပ်စု ကွင်းအမှတ်(၃၂) တောင်သူဦးမောင်ဦး၏ နွေစပါးစိုက်ခင်း၌ နွေစပါးသီးနှံစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုများကို တောင်သူများအား ကွင်းသရုပ်ပြပွဲ ဆောင်ရွက်သည်။
ချောင်းသာမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ရေနှုတ်မြောင်းများတူးဖော်
May 15,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ Clean City, Green City, Smart City ဖြစ်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများက အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနှုတ်မြောင်းများ ပြန်လည်တူးဖော်လျက်ရှိကြောင်း သိရသည်။
လဲချားမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 15,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
ကွန်ဟိန်းမြို့၊ လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
May 15,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့တွင် နယ်လှည့်စာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်း​ပေး
May 15,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်​ ယနေ့နံနက် ၁၀နာရီက နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို မိုင်းခုတ်မြို့ အမှတ်(၂)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။