လက်ပံတန်း မေ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အခြေခံမွေးမြူရေးပညာပေး သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကြို့ပင်စခန်းကျေးရွာအုပ်စု၊ ကညင်တန်းကျေးရွာ မေတ္တာရေစင်ပရဟိတအသင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လက်ပံတန်းမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မြင့်အောင်နှင့်ဝန်ထမ်းများက တစ်ပိုင်တစ်နိုင်မှသည်စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းဆီသို့ ဟူသော ရည်ရွယ်ချက်နှင့်အညီ နို့စားနွား၊ အသားစားနွားမွေးမြူရေးလုပ်ငန်း၊ ဝက်မွေးမြူရေးလုပ်ငန်း နည်းပညာများနှင့် ကာကွယ်စောင့်ရှောက်မှုနည်းပညာများကို ဆွေးနွေးပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ကညင်တန်းကျေးရွာမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၁၀၀ ဦး တက်ရောက်ပြီး မေလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ နှစ်ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)