သတင်းများ

သာစည်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်
Sep 16,2025
မန္တလေးတိုင်းဒေသကြီး၊ မတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့်  လက်တွေ့စမ်းသပ်မဲပေးခြင်းကို အဖွဲ့(၂)ဖွဲ့ဖြင့် ကျေးရွာအုပ်စု(၂၄)အုပ်စုတို့၌ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက စတင်၍ သတ်မှတ်စုရပ်နေရာများဖြစ်သည့် ပြွန်ကန်‌ကျေးရွာ၊ ဇီးပင်‌ပေါက်ကျေးရွာ၊ ရွာပုလဲကြီး ကျေးရွာ၊ အင်းကုန်းကျေးရွာ၊ ညောင်းရမ်းဈေးကျေးရွာနှင့် ညောင်ရမ်းမြို့မ‌တို့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် အခြေခံပညာအလယ်တန်းကျောင်း(မြောက်ရပ်ကွက်)၌ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်
Sep 16,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား မင်းလှမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့်ရှောက်ပေးမှုခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက မင်းလှမြို့ အခြေခံပညာအလယ်တန်းကျောင်း(မြောက်ရပ်ကွက်)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) ထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး
Sep 16,2025
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယနေ့နေ့လယ်ပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၆)ရပ်ကွက်၊ မြို့နယ်ခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် Vinny Co.,Ltd မှ တိုက်ရိုက် မျိုးစေ့ချ ကိရိယာ (Drum Seeder)များကို ထုတ်လုပ်သည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်၊ ပြိုင်ပွဲဝင်ဆင်၊ မြို့မဈေးပတ်ဆင်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်
Sep 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အက အလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်၊ ပြိုင်ပွဲဝင်ဆင်၊ မြို့မဈေးပတ်ဆင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ကြီးအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက ခရိုင်လမ်းဦးစီးဌာနရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၁၇)သင်တန်းဖွင့်ပွဲကျင်းပ
Sep 16,2025
ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၁၇)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဒေသရှိ နယ်မြေခံသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံ သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းသန်း၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အုပ်ချုပ်သူနည်းပြများ တက်ရောက်ကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်
Sep 16,2025
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ချင်းတွင်းခန်း မတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ကော့သောင်းမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Sep 16,2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်တွင်ကျရောက်သည့်  ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို စက်တင် ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ အမှတ်(၁)‌ အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမတွင် ကျင်းပရာ အခမ်း အနားသို့ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ ကော့သောင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များ တက်ရောက်ခဲ့ကြသည်။
ဟုမ္မလင်း၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)သင်တန်းဖွင့်ပွဲကျင်းပ
Sep 16,2025
ဟုမ္မလင်းမြို့နယ် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်တက်ရောက်စေရန် ကျေးလက်နှင့် မြို့ပြအချိုးကျညီညီ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဖွံ့ဖြိုးမှုကွာဟခြင်း ကျဥ်းမြောင်းစေရန်ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်စီမံကိန်း (VDP)ရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။