သတင်းများ

ကျောက်ဆည်မြို့နယ်နှင့်စဉ့်ကိုင်မြို့နယ်၌ စားအုန်းဆီတစ်ပိဿာ(၇၃၈၅)ကျပ်ဖြင့် (၅၆၂)ပိဿာ ရောင်းချပေး
Aug 20,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် အသင်းဝင် စားအုန်းဆီရောင်းဝယ်ရေးဆိုင်များမှ ပြည်သူများ စားနပ်ရိက္ခာဖူလုံရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရပြီး ယမန်နေ့က ကျောက်ဆည် မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်၌ စားအုန်ဆီတစ်ပိဿာငွေ(၇၃၈၅)ကျပ်ဖြင့် စားအုန်းဆီ(၅၆၂)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်၌ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်မှု အခမ်းအနားကျင်းပ
Aug 20,2025
မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှု အခမ်းအနား ယ‌မန်နေ့က ပြည်ထောင်စုနယ်၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်းရပ်ကွက်ရှိ ရပ်ကွက်ဓမ္မာရုံတွင်ကျင်းပရာ ဒက္ခိဏသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးမင်းထက်အောင်နှင့် တာဝန်ရှိသူများ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကြည်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီလွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်သည်။
မဟာအောင်မြေမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ
Aug 20,2025
‎‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ် ၂၀ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Aug 20,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့က အခြေခံပညာအလယ်တန်းကျောင်း(ပြည်ကြီးမဏ္ဍိုင်)ခန်းမတွင်  ကျင်းပပြုလုပ်ခဲ့သည်။
ငပုတောမြို့နယ်ပညာရေးမှူးရုံး၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Aug 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ရာ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်မိုးမိုးအေးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးနှင့်ဆရာ၊ ဆရာမများ၊ မိဘဆရာအသင်း ကျောင်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြန်အောင်ရေနံမြေ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်
Aug 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊မြန်အောင်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာ့အီလက်ထရောနှစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ သိရှိစေရန် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများကိုဆောင်ရွက်လျက်ရှိရာ ယမန်နေ့ကမြန်အောင်ရေနံမြေ လုပ်သားခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ကရသူရိမြို့၊ ဘုန်းတော်ကြီးကျောင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ လုပ်အားဒါနဖြင့် ကွန်ကရစ်လမ်းခင်း
Aug 20,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၊ မြို့ဦးဘုန်းတော်ကြီးကျောင်းရှိ ကျောင်းအဝင်အတက်လမ်းအား ကွန်ကရစ်လမ်းခင်းကျင်းခြင်းကို ယမန်နေ့က မြို့အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စုပေါင်းလုပ်အားဒါနဖြင့် အပြီးအစီး ခင်းကျင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ သုတေသနပြပွဲနှင့် ပြိုင်ပွဲကျင်းပ
Aug 20,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ သုတေသနပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါတက္ကသိုလ် ဝန်ဇင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။