သတင်းများ

နတ်မောက်မြို့၌ စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ
Sep 16,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များဖြင့်ပူးပေါင်း၍ မောင်မင်းစိုးရေးသားသည့် “လူငယ်နဲ့ ခေါင်းဆောင်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်​မြှင့်တင်​ရေး စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြသ
Sep 16,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်​မြှင့်တင်​ရေး နံရံကပ်စာစောင်ပြသ​ခြင်း​နှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ အစေ့ထုတ်ပြောင်းစံကွက် ရိတ်သိမ်း
Sep 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ အစေ့ထုတ်ပြောင်းစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက နောင်မြိုင်းကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာ တောင်သူ ဦးစိုင်းကျော်မြင့်၏ အစေ့ထုတ်ပြောင်းစိုက်ခင်းနေရာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့ မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်များ၌ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး အသိပညာပေး ဟောပြော
Sep 16,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် ယနေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များသို့သွားရောက်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်လံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး “အမြဲမပြတ် လေ့လာသင်ယူရေး” စကားဝိုင်း ကျင်းပ
Sep 16,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အောင်လံမြို့၊ အ.ထ.က(ရွာထောင်) ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
အောင်လံမြို့နယ် မိုးနှောင်းဝါနှင့် မိုးစပါးစိုက်ပျိုးထားရှိမှု ကွင်းဆင်းစစ်ဆေး
Sep 16,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် သမဝါယမကဏ္ဍမှ မိုးနှောင်းဝါစိုက်ဧက (၄၀၀၀) အကောင်အထည်ဖော်လျက်ရှိရာ ရေပေါ်ကျေးရွာ၊ ရေပေါ်စိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမအသင်း အသင်းသားတောင်သူ ဦးအောင်ခင်၏ TBL-195 ဝါစိုက်ခင်းနှင့် အသင်းသား ဦးစိန်သောင်း B31 ဝါစိုက်ခင်းတို့၏ စိုက်ပျိုးထားရှိမှု အခြေအနေများအား ယမန်နေ့ နံနက်ပိုင်းတွင် သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ပြီး၊ အထွက်တိုးမျိုးများဖြစ်သည့် TBL-195၊ B31၊ Rakka 666 မျိုးများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အောင်လံမြို့နယ်၌ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော ဓမ္မစကြာရွတ်ဖတ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ‌
Sep 16,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ဓမ္မစကြာရွတ်ဖတ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ခရိုင်စုပေါင်းရုံးအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Sep 16,2025
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။