ပုဇွန်တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မီးဘေးနှင့်သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြော

ပုဇွန်တောင် မေ ၁၅

ရန်ကုန်တိုင်း‌ဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျောင်းသူ/ ကျောင်းသားလူငယ်များကို မီးဘေးနှင့် သဘာဝဘေးအန္တရာယ် သိရှိစေရန်ရည်ရွယ်၍ မီးဘေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်းကို ယ‌မန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သန်းဌေးက မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းများ၊ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရန် မီးလောင်လွယ်သည့်ပစ္စည်းများ စနစ်တကျထားသိုသိမ်းဆည်းရန် နည်းလမ်းများမီးလောင်မှုဖြစ်ပွားလာပါက အနီးဆုံးမီးငြှိမ်းသတ်ရေးပစ္စည်းများအားအသုံးပြု၍ အမြန်ဆုံးမီးငြှိမ်းသတ်နိုင်ရေး၊ မီးသတ်ဆေးဘူးအသုံးပြုပုံများ၊ မီးဘေးနှင့်သဘာဝဘေးဖြစ်ပေါ်လာပါက အသုံးပြုရမည့် စက်ပစ္စည်းကိရိယာများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့ကို ပရိုဂျက်တာဖြင့်ပြသ၍ အသိပညာပေး‌ ရှင်းလင်းဟောပြောခဲ့သည်။

အသိပညာပေး ဟောပြောပွဲအပြီးတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းနည်းပြနှင့် သင်တန်းသူ/သင်တန်းသားများအား အအေးဒါနကုသိုလ်ပြုခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်