သနပ်ပင် မေ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ် ရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှုလျာထားချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် သနပ်ပင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းက အဖွင့်အမှာစကား ပြောကြာပြီး မြို့နယ်စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေး ကော်မတီအတွင်းရေးမှူးက စီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌက သက်ဆိုင်ရာ တာဝန်ရှိသူများကိုယ်စားဌာနဆိုင်ရာ တာဝန်ခံများထံသို့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များနှင့်၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်း ရည်မှန်းချက်တာဝန် ပေးအပ်လွှာများပေးအပ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)