အထက်မင်းလှ မတ် ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မင်းလှမြို့နယ် ရေခါးကျေးရွာနှင့် ကညှင်းကြီးကျေးရွာတို့တွင် လေပြင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လူနေအိမ် (၁၄၀) လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရေခါးကျေးရွာ၌ နေအိမ်များ ပြုပြင်ခြင်းဆောင်ရွက်နေမှုကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်းခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်နီလာဦးနှင့် ဝန်ထမ်းများက နေ့ မတ်လ ၂၁ ရက်နေ့ ညနေ (၄) နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ရေခါးကျေးရွာနှင့် ကညှင်းကြီးကျေးရွာများမှ အိမ်ခြေ (၁၄၀) လုံးအား လေပြင်းဒဏ်ကြံ့ခိုင်နိုင်စွမ်းအားရှိစေရန် အားဖြည့်ပြင်ဆင်မှုအဖြစ် ဝါးထရံအသစ်လဲတပ်ဆင်ပေးခြင်း၊ သက္ကယ်အမိုးများမိုးပေးခြင်း၊ ဝါးကြမ်းခင်းများ အသစ်ခင်းခြင်း၊ အိမ်တိုင်များအသစ်လဲခြင်းတို့ ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ပစ္စည်းများအား သက်ဆိုင်ရာအိမ်ထောင်စုများထံ တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
အဆိုပါ လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေခါးကျေးရွာရှိလူနေ အိမ် (၇၀) လုံး၊ ကညှင်းကြီးကျေးရွာမှ လူနေအိမ် (၇၀) လုံးတို့အား လူနေအိမ် (၁) လုံးလျှင်ထောက်ပံ့ငွေ (၄၅၀၀ဝိ/) နှုန်းဖြင့် လူနေအိမ် (၁၄၀) လုံးအတွက် ထောက်ပံ့ငွေကျပ် (၆၃၀၀၀၀ဝိ/) သိန်း အကုန်အကျခံ၍ ပြုပြင်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဇာဇာ