ကြံခင်းမြို့နယ်တွင် (မြို့နယ်အဆင့်) ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာသင်တန်း ဆက်လက်သင်ကြား

ကြံခင်း   မတ်   ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင်(မြို့နယ်အဆင့်) ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာသင်တန်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊  အောင်ကျော်ခန်းမတွင် ဆက်လက်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာသင်တန်းတွင် မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူးဦးတင်အောင်စိုးက ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းသိကောင်းစရာများ၊ လက်ထောက်ပညာရေးမှူးဦးဌေးဦးနှင့်ဒုတိယဦးစီးမှူး(ကာယ) ဦးဝင်းသိန်းတို့က ကျောင်းသား/သူများ၏ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာများအားလည်းကောင်း၊ မြိုနယ်ကျန်းမာရေးဦးစီးဌာနမှ ကူးစက်ကျန်းမာရေးမှူး ဦးအောင်ဆန်းထွန်းနှင့် ကျန်းမာရေးမှူး ဦးကျော်လင်းထွဋ်တို့က ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာအချက်များအား သင်ကြားပို့ချပြီး  သင်တန်းသား/သူများဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။

ကြံခင်းမြို့နယ်တွင်(မြို့နယ်အဆင့်) ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ခြင်းကို  မတ်လ (၂၁) ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ   မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၂၂) ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းတို့မှ သင်တန်းသားဆရာ /ဆရာမ ( ၂၄၈ )ဦး တက်ရောက် ကြပြီး သင်တန်းကာလမှာ (၂) ရက် ဖွင့်လှစ်သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)