ပေါင်းတည် မတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက စျေး (၁) ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်မှုသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများလူမှုဘဝပြည့်စုံစေရန်၊ နိုင်ငံသားများအနေဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးလက်ဝယ်ထားရှိ ကိုင်ဆောင်စေနိုင်ရန် ပန်းခင်းစီမံချက်များဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယနေ့တွင် မြို့နယ်ဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်း၏ဦးဆောင်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ရပ်ကွက်အတွင်းနေထိုင်သည့် နိုင်ငံသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကိုလည်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့် ယခင်လများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို မြို့နယ်အတွင်း အခြေခံပညာကျောင်းများအထိ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
သူရကြီး(ပြန်/ဆက် )