ခရမ်းမြို့နယ်ရှိ အငြိမ်းစားနိုင်ငံဝန်ထမ်းပင်စင်စားများအား ကိုဗစ်ကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံ

ခရမ်း မတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသော နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကိုဗစ်ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းကို မတ်လ ၂၁ ရက်နေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗြဟ္မစိုခန်းမတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေးလာရောက် ထိုးနှံကြသူများကို၊ ကျန်းမာရေးဝန်းထမ်းများက သွေးအတွင်းအောက်စီဂျင်လည်ပတ်မှုနှုန်း တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရောဂါအခံ ရှိ၊ မရှိမေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများကစနစ် တကျကာကွယ်ဆေးများထိုးနှံပေးလျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာသို့ ခရမ်းမြို့နယ် မိခင်နှင့်ကလေး‌စောင့်ရှောက် ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ထက်ထက်နှင့် အဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြပြီး မြို့မကျန်းမာရေးမှူး ဒေါ်ဥမ္မာဦးနှင့် ဝန်ထမ်းများက ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

ကိုမင်း