သတင်းများ

ကန့်ဘလူမြို့တွင် နွေရာသီကျောင်းပိတ်ရက် လက်မှုပညာ သိုးမွှေးချည်ထိုးနည်းသင်တန်းဖွင့်
Mar 23,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား ကျောင်းသူများ လက်မှုပညာရပ်များ တတ်မြောက်စေရန်၊ တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့မွန်းလွဲ ၂ နာရီက သိုးမွှေးချည်ထိုးနည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် လမ်းသစ်ဖွင့်ပွဲနှင့် နွေစပါးစံကွက်ရိတ်သိမ်းပွဲ တက်ရောက်အားပေး
Mar 23,2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ မတ်လ ၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်တို့တွင် ပြုလုပ်သည့် (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့်လမ်းသစ်ဖွင့်ပွဲများအား တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး နွေစပါးစံကွက်ရိတ်သိမ်းနေမှုအား တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
‌ရွှေဘိုမြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဆင်းပွဲ ကျင်းပ
Mar 23,2024
ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မဟာဝိသုတာရာမ ဗုဒ္ဓဂယာကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ ရက်တို သင်တန်းဖွင့်လှစ်
Mar 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာဦးစီးဌာနနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ ရက်တိုသင်တန်း ဖွင့်လှစ်သင်ကြားမှုကို မတ်လ (၂၁)ရက်နေ့မှ (၂၂) ရက်နေ့ထိ နံနက်(၉)နာရီမှစ၍ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့ ဘက်စုံသားဖွားသင်တန်းကျောင်း၏ (၁/၂၀၂၄) ပညာသင်နှစ်အပတ်စဉ် (၁၁) သားဖွား ဒီပလိုမာသင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကျင်းပ
Mar 23,2024
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ပြင်ဦးလွင်မြို့ရှိ ဘက်စုံသားဖွားသင်တန်းကျောင်း၊ အပတ်စဉ် (၁၁) သစ်လွင်သားဖွားကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့တော်ခန်းမ၌ ကျင်းပသည်။
ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်း(ခွဲ) ကော်မတီဝင်များနှင့် တပ်ဖွဲ့တွေ့ဆုံအစည်းအဝေး ပြုလုပ်
Mar 23,2024
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)ရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က ကြက်ခြေနီအသင်း(ခွဲ)ကော်မတီဝင်များနှင့် တပ်ဖွဲ့တွေ့ဆုံ အစည်းအဝေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် ကင်သာကျေးရွာတွင် နွေရာသီကျောင်းပိတ်ရက် တတိယအကြိမ်မြောက် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု၊ ကင်းသာကျေးရွာ၊ ရွှေဟင်္သာဘုန်းတော်ကြီးကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒာသီရိ၏ ဆုံးမဩဝါဒကိုခံယူ၍ နွေရာသီကျောင်းပိတ်ရက် တတိယအကြိမ်မြောက် ယဉ်ကျေးလိမ္မာသင်တန်းကို ကင်းသာကျေးရွာအုပ်စု၊ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်း၊ ကျေးရွာ အုပ်စုဂေါပကအဖွဲ့ဥက္ကဋ္ဌတို့က ကြီးကြပ်ဖွင့်လှစ်သင်ကြားခဲ့သည့် ယဉ်ကျေးလိမ္မာသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၊ ဗိမာန်တော်ကြီးတွင် ကျင်းပသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး တပ်ကုန်းမြို့နယ်၊ ဒ​ယောက်ကူးကျေးရွာတွင် နေပြည်တော်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းဆေးကုသပေးမှုအား ကြည့်ရှုအားပေး
Mar 23,2024
နေပြည်တော်ကုသရေးဦးစီးဌာနမှဦးဆောင်၍ ပျဉ်းမနားပြည်သူ့ဆေးရုံကြီးခုတင် ၂၀၀ ဆေး ရုံကြီးနှင့် တပ်ကုန်းမြို့ခုတင် ၁၀၀ ဆေးရုံမှ အထူးကုဆရာဝန်များပါဝင်သောအဖွဲ့သည် ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဒယောက်ကူး ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ဓမ္မစင်္ကြာဗိမာန်တော်တွင် အောင်မြေရိပ်သာ၊ ဒယောက်ကူး၊ လက်ပန်ပု၊ နောင်ဘို့အိုး၊ သပြေကုန်း၊ ကံကြီး၊ ဒဟတ်တော၊ တလင်းကုန်း၊ ကျောက်စရစ်ကုန်း ကျေးရွာတို့မှ ဒေသခံပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့် ရှောက်ပေးနေမှုကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်တို့နှင့်အတူ သွားရောက်ကြည့်ရှုအားပေးသည်။