ရေကြည်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန်သိရှိစေရန် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်က ကွင်းဆင်းအသိပညာပေးရှင်းလင်းခြင်းများ ဆောင်ရွက်

ရေကြည် မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်က ကွင်းဆင်းအသိပညာပေးရှင်းလင်းခြင်းကို ယမန်နေ့နံနက် (၁၂) နာရီအချိန်ခန့့်က စိမ်းလဲ့ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ အသိပညာပေးရှင်းလင်းဆောင်ရွက်ရာတွင် ပြည်သူများ သိရှိနားလည်နိုင်စေရန်အတွက် ပြည်သူ့စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို‌ကြောင်း၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်း စနစ်ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများ အစရှိသည်များအား ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်မှ တက်ရောက်လာကြသည့် ပြည်သူများမှ သိလိုသည်များကို မေးမြန်းဆုံးစမ်းခဲ့ကြသည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာနေ ပြည်သူ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရေကြည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာများကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောခြင်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)