ဗိုလ်တထောင် မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးအောင်လွင်က ရန်ကုန်မြို့တွင် ရင်ဆိုင်ကြုံတွေ့နေရသော မူးယစ်ဆေးဝါးပြဿနာများသည် သယ်ဆောင်ရောင်းဝယ်မှု မြင့်တက်လာနေခြင်းအရလည်းကောင်း၊ အစပျိုးဓာတုပစ္စည်းများ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုရှိနေခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ဆက်စပ်လျက် နောက်ဆက်တွဲအန္တရာယ်များ မြင့်တက်လာနေခြင်းနှင့် အွန်လိုင်းနည်းပညာများကိုအသုံးပြု၍ ရောင်းဝယ်ခြင်းစသည့်စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရကြောင်း၊ ပြောင်းလဲလာသည့် မူးယစ်ဆေးဝါး ဈေးကွက်၊ သုံးစွဲမှုပုံစံ၊ ထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုတို့အပေါ် စနစ်တကျသုံးသပ်ပြီး သက်ဆိုင်သည့်ကဏ္ဍများအလိုက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဗိုလ်တထောင်ခရိုင် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့အနေဖြင့် ပြောင်းလဲကျင့်သုံးလာမည့် မူဝါဒဥပဒေနှင့်အညီ လုပ်ငန်းစီမံချက်ရေးဆွဲ အကောင်အထည်ဖော်သည့်နေရာတွင် ရနိုင်သမျှသော အရင်းအမြစ်များကို စုစည်းအသုံးပြုပြီး ထိရောက်သည့်အထောက်အထား အခြေပြုလုပ်ငန်းများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်အောင် အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးစေလိုကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး ကိုယ်စီတာဝန်ရှိသည်ဟူသောအသိဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဒုတိယဥက္ကဋ္ဌ ဒုတိယရဲမှူးကြီးလှဘုန်းကျော်က အဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်ပြောကြာခြင်း၊ တွဲဖက်အတွင်းရေးမှူး၊ တပ်ဖွဲ့စုမှူးအမှတ်( ၄၁ )၊ မူးယစ်တပ်ဖွဲ့စု၊ ရန်ကုန်(အရှေ့ပိုင်း) ရဲမှူးလှသိန်းစိုးက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကြိုးပမ်းဆောင်ရွက်ချက်များနှင့် နည်းဥပဒေများအကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲပြီးအစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လိုအပ်ချက်၊ အကြံပြုချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးခရိုင်အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူးမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးလှဘုန်းကျော်၊ အတွင်းရေးမှူး ၊ တွဲဖက်အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ခင်ဝင်း( ပြန်/ဆက် )