လွိုင်လင်မြို့တွင် နွေရာသီအားကစားသင်တန်းဆင်းပွဲ ကျင်းပ

လွိုင်လင် မတ် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းများဆင်းပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက ခရိုင်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပပါသည်။

ရှေးဦးစွာ အသက်(၁၂)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကိုကျင်းပပြီးနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် သင်တန်းဆင်းပွဲကိုကျင်းပရာ သင်တန်းနည်းပြဂုဏ်ပြုဆုနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုရရှိကြသည့်အသင်းများ၊ သင်တန်းဆင်းလက်မှတ်များကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးအပ်ကြသည်။

အဆိုပါ နွေရာသီအားကစားသင်တန်း၌ အခြေခံဘောလုံးသင်တန်းသား(၁၁၅)ဦး၊ ဘော်လီဘောသင်တန်း၌(၄၀)ဦး၊ ကြက်တောင်ရိုက်(၂၀)ဦး၊ ပိုက်ကျော်ခြင်း(၁၅)ဦး၊ စားပွဲတင်တင်းနစ်(၂၀)ဦး စုစုပေါင်း(၂၁၀)ဦးတို့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ယနေ့အထိ တစ်လကြာ သင်တန်းတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)