ရေကြည် မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ(၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် အောင်ကမ္ဘာကုမ္ပဏီက တင်ဒါအောင်မြင်ဆောင်ရွက်သည့် ချင်းကုန်း-ချောင်းဖျား-ငပိဆိပ်လမ်း (လမ်းအရှည် (၀)မိုင် (၄)ဖာလုံ၊ အကျယ်(၁၂)ပေ၊ ထု(၇)လက်မ)ရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ရန်ပုံငွေကျပ်(၂၁၂.၂၂၀)သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေးတို့မှ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား လှည်လည့်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းပေးခြင်းဖြင့် ကျေးရွာပေါင်း(၃၈)ရွာ၊ အိမ်ခြေ(၁၈၆၃)အိမ်၊ လူဦးရေ (၇၀၁၄)ဦးတို့အား သွားလာရေးအဆင်ပြေချောမွေ့စေပြီး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသထွက်ကုန်ပစ္စည်းများအတွက် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများအတွက် များစွာအကျိုးရှိလာပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)