ချောက် မတ် ၂၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ပြိုင်ပွဲကျင်းပခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲတွင် ယှဥ်ပြိုင်ရမည့် စည်းမျဥ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/သူ(၃၀)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ကလေးငယ်များ၏ စိတ်ကူးဉာဏ်စွမ်းရင့်သန်လာစေရန်နှင့် ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းတတ်စေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)