၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းဆင့်၊ အလယ်တန်းဆင့်ဘာသာရပ် စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ ဆွေးနွေပွဲပြုလုပ်

သုံးခွ မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းဆင့်၊ အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ ဆွေးနွေပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ဆန်းဆန်းဌေးက အမှာစကားပြောကြားရာတွင် ပညာရေးဆိုင်ရာအချက်အလက်များ၊ သင်တန်းဆိုင်ရာအချက်အလက်များနှင့် စက်မှု၊စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍ သန်လျင်ခရိုင် ဖားကူးမြို့တွင် သင်တန်းတက်ရောက်နိုင်ပါကြောင်း၊ ယနေ့ ဆွေးနွေးပို့ချသည်များကို သေချာစွာမှတ်သားကြ‌စေလိုပါ‌‌ကြောင်း ပြောကြားပြီး ဒုတိယမြို့နယ် ပညာရေးမှူးဦးဌေးနိုင်က သင်တန်းသား/ သူများ သင်တန်းသို့ အချိန်မှန်ရောက်ရှိရေး၊ ယူနီဖောင်းဝတ်ဆင်ရေး၊ သင်တန်းစည်းကမ်းအတိုင်း နေထိုင်ဆောင်ရွက်ရေးတို့ကို ပြောကြားခဲ့သည်။

ဆက်လက်၍ အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွန်းမံသင်တန်း/ ဆွေးနွေးပွဲကို ပြုလုပ်ရာ မြို့နယ်ပညာရေးမှူးမှ လိုအပ်သည်များကို မှာကြားသည်။ မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို သင်တန်းသား /သူ (၅၆၆) ဦးအား နည်းပြဆရာ (၃၈) ယောက်မှ စာသင်ခန်း (၁၉) ခန်းတွင် သင်ကြားပို့ချပေးမှာဖြစ်ပြီး အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွန်းမံသင်တန်းကို အ.ထ.က (၂) ကျောင်းတွင် သင်တန်းသား/ သူ (၂၃၁) ဦးအား သင်တန်းနည်းပြ (၁၆) ဦးမှ စာသင်ခန်း (၈) ခန်းတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ၂၅-၃-၂၀၂၄ ရက်နေ့မှ ၂၉-၃-၂၀၂၄ ရက်ကြာ သက်ဆိုင်ရာ ဘာသာရပ်များအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)