ဝိုင်းမော် မတ် ၂၅
ကချင်ပြည်နယ်၊ ပညာရေးမှူးရုံး၏ လမ်းညွှန်မှုဖြင့် ပညာရေးဝန်ထမ်း ဆရာ/မများ သင်ကြားရေးဆိုင်ရာ တိုးတက်မြင့်မားစေရေး အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းများအား ဖွင့်လှစ်လျက်ရှိရာ မတ် ၂၅ ရက် နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် ပညာရေးမှူးရုံးမှကြီးမှူး၍ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းများကို သတ်မှတ်နေရာများတွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အခြေခံပညာအလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းကို ဝိုင်းမော်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဦးအံ့ခိုင်မှ သင်တန်းဖွင့်အမှာစကားပြောကြားပြီး၊ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ သင်တန်းကို အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင်ဖွင့်လှစ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးသန်းအောင်မှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ သည်။
အဆိုပါ သင်တန်းအား မတ် ၂၅ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ ဝိုင်းမော်မြို့နယ်အတွင်း အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် နည်းပြ (၄၈)ဦး၊ ကြီးကြပ်သူ (၆) ဦး၊ တက်ရောက်သူဆရာ/မ (၅၈၀)ကျော် တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဖြူစင်