ခန္တီးမြို့နယ်၌ (၁၁၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်

ခန္တီး မတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ရန်ကင်းတော်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသော ခန္တီးမြို့ကျက်သရေဆောင် မြသိန်းတန်စေတီတော်မြတ်ကြီး၏ (၁၁၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဉီးစွာ ဗုဒ္ဓါဘိသေကအနေကဇာတင်ပြီး သံဃာတော်အရှင်သူမြတ်တို့အား အာရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်ပြီး သံဃာဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်ရာတွင် မြတ်စွာဘုရား အပါအဝင် သံဃာတော်၊ သာမဏေ၊ သီလရှင် စုစုပေါင်း(၃၇၅)ပါးအား ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့် မြို့နေပြည်သူလူ ထုတို့က လှူဖွယ်ဝတ္ထုအစုစုတို့ကို လောင်းလှူခဲ့ကြသည်။ ထို့နောက် လောင်းလှူခဲ့ကြသည့် လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချအမျှ    အတန်းပေးဝေခြင်း မင်္ဂလာအခမ်းအနားကို မြသိန်းတန်စေတီတော်ရင်ပြင်ရှိ ဗုဒ္ဓပူဇနိယပွဲတော် မင်္ဂလာမဏ္ဍပ်တွင်ပြုလုပ်ရာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ သံဃာတော်အရှင်သူ မြတ် တို့ထံမှ(၉)ပါးသီလအစရှိသော တရားတော်များကို နာယူဆောက်တည်မူကြပြီးနောက် ရေစက် သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုပြီးမြောက်ခဲ့သည်။

အဆိုပါ ဗုဒ္ဓပူဇနိယပွဲ‌တော်နှင့် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ခန္တီးတပ်နယ်မှူးဗိုလ်မှူးကြီး မြင့်မောင်မောင်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)