ကွန်ဟိန်း မတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီခန့်က အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်နန်း ဖြူဆိုင်က သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များနှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းတွင် ကွန်ဟိန်းမြို့နယ်အတွင်းရှိ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ဆရာ/ဆရာမ (၁၃၉)ဦး တက်ရောက်ခဲ့ကြပြီး အလယ်တန်းဆင့် သင်တန်းနည်းပြ ဆရာမ(၆)ဦးနှင့် မူလတန်းဆင့်သင်တန်းနည်းပြ ဆရာ/ဆရာမ (၁၀)ဦးတို့မှ သင်တန်းပို့ချသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းအား(၂၅-၃-၂၀၂၄)ရက်နေ့မှ (၃၀-၃-၂၀၂၄)ရက်နေ့အထိ (၆)ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)