မိုင်းဆတ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကျင်းပပြုလုပ်

မိုင်းဆတ် မတ် ၂၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကို ယနေ့မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်တတ်လာစေရန်၊ ဉာဏစွမ်းရည်နှင့် သင်္ချာစွမ်းရည်တိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းစာအပြင် ဗဟုသုတရရှိစေမည့် ပြင်ပစာပေများ လေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး ဆုရရှိသည့် ကလေးများကို အမှတ်တရပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ ပုံပြင်ပြောခြင်းအစီအစဉ်များနှင့် စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်များကို မိုင်းဆတ်ခရိုင် ပြည်သူ့စာကြည့်တိုက် Face Book Page မှတဆင့် လွှင့်တင်ပေးလျှက်ရှိကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)