သတင်းများ

ကျိုင်းလပ်မြို့၌ ရာသီပေါ် ဆူးပုတ်ရွက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Mar 26,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ဝမ်ကျင်းရပ်ကွက်အနီး ပတ်ဝန်းကျင်ရှိ အိမ်ခြံဝင်းများ တောတောင်များ၌ ပေါက်ရောက်သော ဆူးပုတ်ပင်များကို မိသားစုတစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန်အတွက် ရောင်းချလျက်ရှိကြောင်း သိရသည်။
(၇၉)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းတုံမြို့နယ် နောင်ငင်း-ဝမ်ဆိုင်း(လွယ်) ကွန်ကရစ်လမ်းဖွင့်
Mar 26,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် (၇၉)နှစ်မြောက်တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုခွင့်ပြုရန်ငွေဖြင့် ဆောင်ရွက်သော ကတ်ဖကျေးရွာအုပ်စု၊ နောင်ငင်း-ဝမ်ဆိုင်း(လွယ်) ကွန်ကရစ်လမ်း(၈/၃)မိုင် ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါလမ်းတွင် ကျင်းပသည်။
ကမာရွတ်မြို့နယ်၌ ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲ ကျင်းပ
Mar 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ ကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက ​လေ့ကျင့်ရေးအထက်တန်း​ကျောင်း(TTC) ပညာဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျောက်ဆည်မြို့၌ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 26,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၄ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ယမန်နေ့နံနက် ၁၀နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြိူ့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ကင်းထောက်လူငယ် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Mar 26,2024
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်းတိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက် ၊ အမှတ်(၂) အခြေခံပညာအထက်တန်း‌ကျောင်းခန်းမတွင် ယမန်နေ့ နံနက် (၈) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Mar 26,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က လျှပ်စစ်ရုံးမှ ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။
နတ်မောက်မြို့၌ မြို့နယ်အဆင့် ဘာသာရပ်အလိုက် စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်
Mar 26,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/မများအား သင်ကြားရေးစွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ မြို့နယ်အဆင့် ဘာသာရပ်အလိုက် စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တို့တွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။       
တောင်ငူမြို့နယ်အတွင်းရှိ အသေးစားအငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Mar 26,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ အသေးစားအငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲနှင့် တောင်ငူဒေသထွက် မုန့်ဟင်းခါးခြောက်များ ထုပ်ပိုးမှုစနစ်မြှင့်တင်ရေးနှင့် အရည်အသွေးမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။