ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပဏာမကျန်းမာရေးစောင့်ရှောက်မျုဆိုင်ရာ အခြခံတိုင်းရင်းဆေးပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

ဟားခါး မတ် ၂၆

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ချင်းပြည်နယ်ရုံးနှင့် ဟားခါးခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ပဏာမကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေခံတိုင်းရင်းဆေးပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၅ ရက် နံနက် ၉ နာရီ ဟားခါးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ် ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာန အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က တိုင်းရင်းဆေးပညာရပ်သည် ကောင်းမွန်သည့် သမိုင်းအစဉ်အလာကောင်းများနှင့်အညီ ပြည်သူလူထုကို ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးသည့်လုပ်ငန်းများ တောရောမြို့ပါမကျန် ဆောင်ရွက်ပေး လျက်ရှိကြောင်း ၊ “ Prevention is better than cure ” ရောဂါကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ ထိရောက်သည်ဆိုသည့် ဆိုရိုးစကားအတိုင်း ရောဂါကာကွယ်ရန်၊ ရောဂါဖြစ်ပွားလာပါကလည်း ရောဂါတိုးမသွားစေဘဲ ခန္ဓာကိုယ်နှင့် သင်တင့်လျှောက်ပတ်သည့် အစာအဟာရများကို မျှတစွာစားသုံးရန်၊ “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” ဟူသည့် ဆောင်ပုဒ်အတိုင်း ခန္ဓာကိုယ်အတွက် သင့်တော်သောလေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်ခြင်းဖြင့် ရောဂါကာကွယ်ရန်တို့ကိုပါ တိကျသေချာစွာ သိရှိလိုက်နာစေရန်တို့ကို ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်းနှင့် ဤသင်တန်းသည် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့မိသားစုကျန်းမာရေးကို ကိုယ်တိုင်စောင့်ရှောက်ပေးနိုင်မည့် ပညာရပ်ဖြစ်ပြီး လက်တွေ့အသုံးချနိုင်သည့်အတွက် စိတ်ပါဝင်စားစွာ သင်ယူမှတ်သားစေလိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ချင်းပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ဒေါ်နီနီခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများအား နှုတ်ဆက်အားပေးစကြားပြောကြားသည်။

အဆိုပါသင်တန်းကို မတ်လ ၂၅ ၊ ၂၆ ရက်နေ့နှင့် ၂၈ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း၊ အမှုထမ်း (၅၀)ဦး တက်ရောက်မည် ဖြစ်ကြောင်းသိရသည်။

ခရိုင် ( ပြန် /ဆက် )