၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းဆင့် ၊အလယ်တန်းဆင့်ဘာသာရပ် စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ ဆွေးနွေပွဲပြုလုပ်

ကျောက်တန်း မတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်ူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းဆင့်၊ အလယ်တန်းဆင့်ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ ဆွေးနွေပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က (မြို့မ) အ.လ.က၊ ရွှေသံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦးက အမှာစကားပြောကြားရာတွင် ပညာရေးဆိုင်ရာအချက်အလက်များ၊ သင်တန်းဆိုင်ရာအချက်အလက်များနှင့် စက်မှု၊စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ သန်လျင်ခရိုင် ဖားကူးမြို့တွင် သင်တန်းတက်ရောက်နိုင်ပါကြောင်း၊ ယနေ့ ဆွေးနွေးပို့ချသည်များကို သေချာစွာမှတ်သားကြ‌စေလိုပါ‌‌ကြောင်း ပြောကြားသည်၊၊ သင်တန်းမှူးမှ သင်တန်းသား/ သူများ သင်တန်းသို့ အချိန်မှန်ရောက်ရှိရေး၊ ယူနီဖောင်းဝတ်ဆင်ရေး၊ သင်တန်းစည်းကမ်းအတိုင်း နေထိုင်ဆောင်ရွက်ရေးတို့ကို ပြောကြားခဲ့သည်။

ဆက်လက်၍ အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွန်းမံသင်တန်း/ ဆွေးနွေးပွဲကို ပြုလုပ်ရာ မြို့နယ်ပညာရေးမှူးမှ လိုအပ်သည်များကို မှာကြားသည်။ မူလတန်းဆင့်အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို သင်တန်းသား/သူ (၂၂၉) ဦးအား နည်းပြဆရာ (၁၆) ယောက်မှ သင်ကြားပို့ချပေးမှာဖြစ်ပြီး နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ၂၅-၃-၂၀၂၄ ရက်နေ့မှ ၃၀-၃-၂၀၂၄ ရက်ကြာ သက်ဆိုင်ရာဘာသာရပ်များအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်းကျော် (ပြန်ဆက်)