ကသာ မတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် “စွန့်ပစ်အမှိုက် ညစ်ညမ်းမှုပြဿနာများနှင့် စွန့်ပစ်ရန်နည်းလမ်းများ” အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက်ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီအချိန်က ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ယာယီသင်တန်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးငြိမ်းက “စွန့်ပစ်ပစ္စည်းအမျိုးအစား(၅)မျိုး” အကြောင်း၊ “မြို့တော်ဧရိယာမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ”၊ စက်မှုလုပ်ငန်းမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ”၊ “စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ”၊ “ဘေးအန္တရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများ”၊ “စွန့်ပစ်အမှိုက်များဆွေးမြေ့ရန် ကြာမြင့်နိုင်သည့် သက်တမ်းများ”၊ စွန့်ပစ်အမှိုက်ညစ်ညမ်းမှုများသည် မြေ၊ လေ၊ ရေ၊ မြေဆီလွှာများကို အဆိပ်သင့်စေကြေင်း” စသည့်အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် သင်တန်းသား/ သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး “အမှိုက်တွေကိုဘယ်လိုစွန့်ပစ်သင့်သလဲ” အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ရဲလင်းထွန်း(ကသာ)